ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေးအတွက် စာဖတ်စွမ်းရည်၊ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ ကျောင်းသူလူငယ်များ စာဖတ်ရှိန်မြင့်မားရေးနှင့်အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး ယမန်နေ့မွန်းလွဲ (၁) နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်၊ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျောင်းသား/ ကျောင်းသူများ စာပေဖတ်သည့် အလေ့အကျင့်များရရှိ လာစေရန်နှင့် စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရေး၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရေး၊ ဗလငါးတန်နှင့်ပြည့်စုံရေး စာဖတ်စွမ်းရည်၊ ကျပန်းစကားပြောပြိုင်ပွဲ  ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာဖတ်စွမ်းရည်၊ ကျပန်းစကားပြောပြိုင်ပွဲ  ကျင်းပပြုလုပ်ခဲ့ရာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်သား/ ကျောင်သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ချီးမြှင့်ခဲ့ကြောင်းနှင့် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် သဘာဝဘေးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသော ကလေးသူငယ်များစစ်မှုထမ်းခြင်းမှကာကွယ်ခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)