သာကေတမြို့နယ်၌ ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

သာကေတ ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပါသည်၊၊

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်သူမှ အမှာစကားပြောကြားရာတွင် သွားအထူးကုဆေးရုံ၌ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ(၅၀၀)ဦးခန့်အား တိုင်းဒေသကြီးအစီအစဥ်ဖြင့် အခမဲ့သွားကျန်းမာရေးစစ်ဆေးကုသပေးမည့် အစီအစဥ်များ ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ ပုံမှန်အပတ်စဥ်ဆောင်ရွက်နေမှုကိစ္စရပ်များ၊ ရုံးဌာနနှင့်ရပ်ကွက်များတွင် မီးဘေးနှင့်သဘာဝဘေး ကြိုတင်ကာကွယ်ရေးအစီအမံများ ရေးဆွဲရန်၊ /အရှေ့ရပ်ကွက် အလင်္ကာစာကြည့်တိုက် ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်နေမှုအခြေအနေ၊ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်ကိစ္စ၊ ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပွဲများကျင်းပမည့်ကိစ္စ၊ ၂၀၂၅ ခုနှစ်လွတ်လပ်ရေးနေ့အခမ်းအနားများ ကျင်းပပြုလုပ်နိုင်ရေးကိစ္စများနှင့် လုံခြုံရေး ကိစ္စရပ်များအထူးဂရုပြုဆောင်ရွက်နိုင်ရေးများအတွက် ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကဏ္ဍအလိုက်ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုအပ်သည်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအားရုပ်သိမ်းခဲ့သည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)