မိုင်းဖြတ်မြို့နယ် အ​ခြေခံပညာ​ကျောင်းများ၌ သဘာဝ​ဘေးအန္တရာယ်များဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပ

မိုင်းဖြတ် ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲများကို ယနေ့နံနက်ပိုင်းက အ.ထ.က(မိုင်းဖြတ်)၊ အ.ထ.က(ဟိုနား)နှင့် အ.လ.က(ခွဲ) ၂၂၁ ​ကျောင်းတို့တွင် ကွင်းဆင်းဆောက်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် ​  မြို့နယ်​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဦးစီးအရာရှိ ​ဒေါ်သင်းမြတ်ရည်ဝင်းက ​ဘေးအန္တရာယ်အမျိုးအစားများ၊ သဘာဝ​​​ဘေးကြောင့်ဖြစ်ပွားသည့် ​ဘေးအန္တရာယ်နှင့် လူ​ကြောင့်ဖြစ်ပွားသည့်ဘေး​အန္တရာယ်အ​ကြောင်း သိ​ကောင်းစရာများ၊ သဘာဝ​ဘေးအန္တရာယ်များဖြစ်ပွားပါက လူတို့၏ အသက်အိုးအိမ်များ ထိခိုက်ပျက်စီးမှုများ မဖြစ်ပွား​အောင် အနည်းဆုံး​လျော့ချနိုင်သည့်နည်းလမ်းများ၊ ပြည်သူများသဘာ​ဘေး​ကြောင့် ရင်ဆိုင်ကြုံ​တွေ့ပါက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအ​နေဖြင့် ​ထောက်ပံသည့်အခြေအ​နေများကို ရှင်းလင်း​ဟော​ပြောခဲ့သည်။ ထို့​နောက် ဒုတိယဦးစီးမှူး ​ဒေါ်သက်ထားဇာဇာက ငလျင်​ဘေးအန္တရာယ်အ​ကြောင်းသိ​ကောင်းစရာများနှင့် ဖြစ်ပွားမှုအ​ပေါ် ​ လိုက်နာ​ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့​ကြောင်းသိရသည်။

ဆက်လက်၍ ဟော​ပြောပွဲများအပြီးတွင် ကျောင်းသား၊ ​ကျောင်းသူများအား ​​ဟော​ပြောချက်များအ​ပေါ် ​မေးမြန်း​ဆွေး​နွေးခြင်း၊ သိရှိလိုသည်များကို ပြန်လည်ဖြေကြားခြင်းများပြုလုပ်၍ ​ဘေးအန္တရာယ်ဆိုင်ရာအသိပညာ​ပေးလက်ကမ်းစာ​စောင်များ ဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရသည်။

သန်းထွန်း​အေး(ပြန်/ဆက်)