နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး ဥတ္တရသီရိမြို့နယ်၊ ဇလောင်းမြောက်ကျေးရွာ၊ “ဉာဏသုခ” စာကြည့်တိုက်အသစ်ဆောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

ဥတ္တရသီရိ နိုဝင်ဘာ ၃

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ဥတ္တရသီရိမြို့နယ်၊ ဇလောင်းမြောက်ကျေးရွာ “ဉာဏသုခ” စာကြည့်တိုက်အသစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများလိုက်ပါလျက် ဥတ္တရသီရိမြို့နယ်၊ ဇလောင်းအုပ်စု၊ ဇလောင်းမြောက်ကျေးရွာ “ဉာဏသုခ”စာကြည့်တိုက် ရာနှုန်းပြည့်ဆောက်လုပ်ပြီးစီးမှုအားကြည့်ရှု့စစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်‌နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက စာကြည့်တိုက်မကြာမီဖွင့်လှစ်ဆောင်ရွက်နိုင်ရေး၊ ပရိဘောဂနှင့် စာအုပ်စာစောင်များကို စာကြည့်တိုက်အင်္ဂါရပ်နှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ရမည့် လုပ်ငန်းများအား စနစ်တကျဆောင်ရွက်ထားရှိရန်နှင့် ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးစေရေးအတွက် ဒေသခံပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။

သန်းသန်းနွယ်(ပြန်/ဆက်)