ဒေါပုံ ဒီဇင်ဘာ ၂
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို နိုဝင်ဘာလ(၂၈)ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်၍ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ဆောင်ရွက်ခဲ့ရာ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းမှ ပုံပြင်ပြောပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူ ၁၀ ဦးနှင့် ကဗျာရွတ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ ၁၀ ဦးရှိခဲ့ပါသည်။ ထို့နောက် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ (၄၅) ဦးအတွက် မုန့်နှင့်အချိုရည်များအား ဒေါပုံမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေဇင်ဖြိုးနှင့် အဖွဲ့ဝင်များက ဧည့်ခံကျွေးမွေးခဲ့ကာ ဆုရကျောင်းသား၊ ကျောင်းသူများအား ဆေးရောင်ခြယ်စာအုပ်နှင့် ရောင်စုံခဲတံဘူးများကို ချီးမြှင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)