အမရပူရ ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေကြီး၊ မန္တလေးခရိုင် မီးသတ်မီးသတ်ဦးစီးမှူးရုံး စစ်ရေးပြကွင်းတွင် မန္တလေးခရိုင်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြှိမ်းသတ်ရေးစွမ်းဆောင်ရည်မြှင့်တင်ရေးလေ့ကျင့် သင်ကြားပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
ဦးစွာမန္တလေး တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းမှ တပ်ဖွဲ့ဝင်များအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီး လေ့ကျင့်ရေးဝတ်စုံများပေးအပ်ခဲ့ သည်။ အဆိုပါသင်တန်းတွင် သင်တန်းသား ၃၀ ဦးကို မီးငြှိမ်းသတ်ရေး စွမ်းရည်မြှင့်တင်ရေးအတွက် သင်တန်းကို ၅ ရက်ကြာ မီးသတ်ပစ္စည်းအစုံဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးသီဟ(အမရ)