ပင်းတယ ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ရေဖြူကျေးရွာရှိ နေ/လဝေဇယန္တာသီလရှင်ကျောင်းတိုက်သို့ ရေဂါလံ စုစုပေါင်း(၆၄၀၀)အား မော်တော်ယာဉ်ဖြင့် ယမန်နေ့ နံနက် ၉ နာရီအချိန်က သွားရောက်လှူဒါန်းပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ ရေလှူဒါန်းခြင်းကို ပင်းတယမြို့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇင်ဘိုမြင့်မှဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များက နေ/လဝေဇယန္တာကျောင်းတိုက်ရှိ ရေသိုလှောင်ကန်များအတွင်းသို့ မီးသတ်မော်တော်ယာဉ်ဖြင့် ရေများဖြည့်သွင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပြီး၊ အဆိုပါ နေ/လဝေဇယန္တာသီလရှင်ကျောင်းတွင် သီလရှင် စုစုပေါင်း(၇၀)ကျော် သီတင်းသုံးနေထိုင်လျက်ရှိကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)