မိုင်းယု ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် အမှတ်(၁၀၀၈)နယ်ခြားစောင့်တပ်ရင်း၏ တပ်မှူးဖလား ဖူဆယ်အလွတ်တန်းဘောလုံးပြိုင်ပွဲနှင့် အလွတ်တန်းခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့မရပ်ကွက်ရှိ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ အမှတ် ၁၀၀၈ နယ်ခြားစောင့်တပ်ရင်းမှ ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး ဇင်ရဲထွေးက ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သတ်၍ အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်မှ ပြိုင်ပွဲဝင်စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သတ်၍ ဆက်လက်ပြောကြားခဲ့သည်။
ယင်း ဖွင့်ပွဲအစတွင် နမ့်လွေFcနှင့် အ.ထ.က(က)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ခုနှစ်ဂိုးနှစ်ဂိုးဖြင့် နမ့်လွေFcကလည်းကောင်း၊ အ.ထ.က(ခ)အသင်းနှင့် CM.S Fcအသင်းတို့က သုံးဂိုးနှစ်ဂိုးဖြင့် CM.S Fc အသင်းကလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်းနှင့် အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ အမှတ်(၂၂၆)ခြေမြန်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး စစ်နိုင်ဖြိုး၊ အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းမှ တပ်မှူးဗိုလ်မှူး လုတ်ချာနှင့်တပ်ဖွဲ့ဝင်မိသားစုများ၊ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့်ဌာနဆိုင်ရာများ၊ ဒေသခံမိသားစုဝင်များက တက်ရောက် အားပေးခဲ့ကြကြောင်း သိရသည်။
ဖူဆယ်အလွတ်တန်းဘောလုံးပြိုင်ပွဲတွင် နမ့်လွေFcအသင်း၊ အ.ထက(က)အသင်း၊ အ.ထ.က(ခ) အသင်း၊ CM.S Fc အသင်း၊ အမှတ်(၁၀၀၈) နယ်ခြား (က)အသင်း၊ အမှတ်(၁၀၀၈) နယ်ခြား (ခ) အသင်း၊ ဆမ်မိန်းအသင်းနှင့် ဟိုခိုအသင်းတို့ဖြစ်ပြီး စုစုပေါင်း ဖူဆယ်အလွတ်တန်းဘောလုံးပြိုင်ပွဲဝင် (၈)သင်းနှင့် အလွတ်တန်းခြင်းလုံးပြိုင်ပွဲတွင် အသင်းပေါင်း(၁၂)သင်း ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်းနှင့် အဆိုပါပြိုင်ပွဲများ၏ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ဒီဇင်ဘာ(၁၀)ရက်နေ့၊ ညနေပိုင်းတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်