မရမ်းကုန်း ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁ဝ နာရီက (Book Club) စာပေချစ်သူများအဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာ မြေလတ်ထင်ကျော်မိုးရေးသားထားသည့် "အသက်တစ်ရာမနေရ အမှုတစ်ရာကြုံရ'' ရသဝတ္ထုဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မရမ်းကုန်းမြို့နယ် ဦးစီးအရာရှိ ဦးရဲနောင်ချစ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ ဆက်လက်ပြီး မြို့နယ်စာရေးဆရာဥက္ကဋ္ဌ ဦးထင်ကျော်မိုးက စာဖတ်ဝိုင်းနှင့် ပက်သက်၍ ဝမ်းမြောက်ဂုဏ်ယူစကားပြောကြာပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာရေးဆရာ၊ ဆရာမများနှင့် စာပေချစ်မြတ်နိုးသူများက ရသဝတ္ထုပါဇာတ်ကောင်များ၏ စကားလုံးအသုံးအနှုန်း၊ အကြောင်းအရာများ ဆက်စပ်မှုလိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)