သုံးခွမြို့နယ်တွင် ၂၄ ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အခမ်းအနား ကျင်းပ

သုံးခွ ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင်(၂၄)ကြိမ်မြောက် အ.ထ.က(၁)၊ အ.ထ.က(၂)တွင်  ပညာသင်ကြားပေးခဲ့သော အငြိမ်းစားဆရာကြီး ဆရာမကြီးများအား မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို  ရဲနွဲ့တာအနီးတွင် တည်ဆောက်ထားသော ဘိုးဘွားရိပ်သာအတွင်းရှိ သုခစံအိမ်ကျောင်းဆောင်တော်ကြီးတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဆရာကြီး/ ဆရာမကြီးများအား တပည့်များက "ဆရာကန်တော့ချိုးဖြင့် ဂါဝရပြုပူဇော်ကန်တော့ကြပြီး ဆရာကန်တော့ပွဲဖြစ်မြောက်ရေးအဖွဲ့ တပည့်တစ်ဦးက ဂါရဝစကားပြောကြားခဲ့သည်။ ထို့နောက် အငြိမ်းစားဆရာကြီး/ ဆရာမကြီးနှစ်ဦးတို့က သြဝါဒစကားပြောကြားခဲ့ပြီး ဆရာကြီး/ ဆရာမကြီးများအား ဂါရဝပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

(၂၄)ကြိမ်မြောက် အ.ထ.က(၁)၊ အ.ထ.က(၂) မြတ်ဆရာပူဇော်ပွဲ အခမ်းအနားတွင် အငြိမ်းစား ဆရာကြီး/ဆရာမကြီး (၁၆၉) တို့အား  တစ်ဦးလျင်ငွေကျပ် (၁)သိန်းနှုန်းဖြင့် ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

စည်သူလင်း (