ရန်ကုန် ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့် မယ်လမုစေတီတော် (၅၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲကျင်းပရေးအတွက် ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့ မွန်းလွှဲ (၂) နာရီက ဆုတောင်းပြည့် မယ်လမုစေတီတော်ဂေါပကအဖွဲ့ရုံးခန်းမတွင် ကျင်းပခဲ့သည်
အခမ်းအနားကို နမောသတ(သုံးကြိမ်)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ဆုတောင်းပြည့်မယ်လမုစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကဥက္ကဋ္ဌ ဦးလှကြည်နှင့် အတွင်းရေးမှူး ဦးသန်းအောင်တို့မှ ဗုဒ္ဓပူဇနိယပွဲတော်နှင့်ပတ်သက်၍ တင်ပြလျှောက်ထားကြသည်။
ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများထံမှ သြဝါဒခံယူကြသည် ဆက်လက်ပြီးပျော်ပွဲရွှင်ပွဲကျင်းပရန် ဦးထင်အောင်စောမှ တင်ပြလျှောက်ထားရာ အစည်းဝေးတတ်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများမှ ဗုဒ္ဓပူဇနိယပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းကြသည်။
ဆက်လက်ပြီး “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” (၃) ကြိမ်ရွက်ဆိုဆုတောင်း၍ "သာဓု” (၃) ကြိမ် ခေါ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်