လွိုင်လင်မြို့တွင် ရှမ်းနှစ်သစ်ကူးပွဲကျင်းပ

လွိုင်လင် ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက်တွင် ရှမ်းနှစ်သစ်ကူးပွဲကို ယမန်နေ့ ည (၇) နာရီက စတင်ကျင်းပပါသည်။

ရှမ်းနှစ်သစ်ကူး ၂၁၁၈ ခုနှစ်မှ ၂၁၁၉ ခုနှစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ် ယမန်နေ့ည (၇) နာရီမှစတင်၍ တိုင်းရင်းသားရိုးရာအကအလှများဖြင့် သီဆိုဖျော်ဖြေကြပြီး ည (၁၀) နာရီတွင် ခေါပုပ်ထောင်းပွဲ၊ ည(၁၂) နာရီ၌ နှစ်သစ်ကူးပြောင်းသည့်အချိန် မီးပုံးပျံငယ်များလွှတ်တင်ခြင်း၊ မီးရှူးမီးပနိးအလှများ ပစ်ဖောက်ကြသည်။ ဆက်လက်၍ ယနေ့နံနက် (၈) နာရီတွင်သံဃာတော်များ ပင့်ဖိတ်၍တရားနာယူခြင်း၊ အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကန်တော့ခြင်းနှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

လွိုင်လင်မိုး