မော်လမြိုင်မြို့နယ် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဆင်နွှဲကြသူများ၏ ရင်တွင်းစကားသံများ

မော်လမြိုင် ဒီဇင်ဘာ ၁

နိုင်ငံအတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/သူများ စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ရရှိစေခြင်းဖြင့် အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို နိုဝင်ဘာ ၂၈ မှ ၂၉ ရက်နေ့အထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အမှတ်() အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပေးခဲ့ပြီး အဆိုပါပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသူများ၏ ရင်တွင်းစကားသံများကို ယခုလိုဖော်ပြလိုက်ရပါသည်။

ဒေါ်စမ်းစမ်းနွယ် (ဒုတိယညွှန်ကြားရေးမှူး)

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွန်ပြည်နယ် ဒီနေ့အခမ်းအနားကတော့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားပဲဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူနှင့် ကျောင်းသား/သူများစာဖတ်တဲ့အလေ့အထ ဖြစ်ပေါ်စေရန်နှင့် စာကြည့်တိုက်ယဥ်ကျေးမှု ထွန်းကားလာစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

ယနေ့ပွဲတော်မှာဆိုလို့ရှိရင် စာကြည့်တိုက်များအတွက် အလှူငွေနှင့်စာအုပ်စာစောင်များလှူဒါန်းမှုနှင့်အတူ ဉာဏဖွံ့ဖြိုးမှုကို အထောက်အကူပြုသော(အထက်တန်း၊ အလယ်တန်းအဆင့်) ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲ၊ (မူလတန်းအဆင့်) ပုံပြင်ပြော၊ ကဗျာရွက်ဆို၊ အရုပ်ဆက်၊ စကားပုံဆက်၊ ဆေးရောင်ခြယ်၊ သင်္ချာဉာဏ်စမ်း၊ သ​င်္ကေတမှတ်နိုင်စွမ်းရည်၊ အင်္ဂလိပ်စာလုံးဆက်ပြိုင်ပွဲများကို ကျင်းပမှာဖြစ်ပြီး ကလေးများကိုယ်ခန္ဓာဖွံ့ဖြိုးမှုကို အထောက်အကူပြုစေရန် အားကစားပြိုင်ပွဲများဖြစ်တဲ့ ခါးလှည့်၊ ခွက်နင်း၊ ဂိမ်းကစားနည်းများကျင်းပခြင်း၊ ပြခန်းများအနေဖြင့် လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြခန်း၊ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များပြခန်း၊ ဖန်တီးဆန်းသစ်ပညာခေတ်ပညာရေးပြခန်း၊ ကျန်းမာရေးဌာနပြခန်း၊ ဟိုတယ်နှင့်ခရီးသွားပြခန်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပြခန်း၊ မီးသတ်ဦးစီးဌာနပြခန်း၊ဒေသထွက်ကုန်၊ MSMEများနှင့်ပတ်သက်သောပစ္စည်းပြခန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနပြခန်းနှင့် စာအုပ်အရောင်းဆိုင်များကို စည်စည်ကားကားထည့်သွင်းကျင်းပပေးခြင်းနှင့် စတုဒီတာများမှာလည်း လှူဒါန်းကျွေးမွေးခြင်းအစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များလည်း ကျင်းပတာဖြစ်ပါတယ်။

ယခုလိုပွဲတော်ကျင်းပခြင်းဖြင့် ကျောင်းသား/သူများက ပြိုင်ပွဲဝင်ရန် စာဖတ်ရမယ်၊ လေ့လာသင်ယူမှုကို တွန်းအားပေးခြင်းဖြစ်ပြီး အနာဂတ်ကာလမှာ ဦးဆောင်ဦးရွက်ပြုသူ အထိဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

ဒေါ်ထိုက်ထိုက်ကျော် (တာဝန်ခံကျောင်းအုပ်ကြီး)

အမှတ်()အခြေခံပညာအထက်တန်းကျောင်း၊ မော်လမြိုင်မြို့နယ်  ယခုလိုစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပပြုလုပ်ခြင်းအားဖြင့် သုတ၊ရသစာပေတွေ၊ စာအုပ်စာတမ်းတွေကို ဖတ်ရှုရမည်ဆိုတာကိုပိုမိုပြီးတော့မှ သဘောပေါက်နားလည်လာပြီး စာအုပ်စာပေတွေထဲမှရလာမည့်အသိပညာဗဟုသုတတွေနဲ့ ကလေးတွေရဲ့ဘဝတစ်လျှောက်မှာပိုပြီးတော့ တိုးတက်တဲ့အတွေးအခေါ်၊ အသိအလိမ္မာတွေတိုးလာစေမှာလည်းဖြစ်တဲ့အတွက်ကြောင့် ဒီစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဟာ ကလေးတွေအတွက် များစွာအထောက်အကူပြုသည့် ပွဲတော်လည်းဖြစ်ပါတယ်။

ဒေါ်ဝေမီရန်း(ကျောင်းအုပ်ကြီး)

အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၊ မော်လမြိုင်မြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို ကျင်းပပေးတဲ့အတွက် ကျွန်မတို့ကလေးတွေရဲ့ တီထွက်ဖန်တီးမှုလေးတွေကိုလည်း ဖော်ထုတ်တင်ဆက်ခွင့်ရတယ်၊ ကလေးတွေနဲ့လည်း ပူးပေါင်းပါဝင်ခွင့်ရတဲ့အတွက်ကြောင့် သူတို့ရဲ့စိတ်ခွန်အားတွေ သူတို့ရဲ့တီထွင်ဖန်တီးမှုတွေကိုလည်း ပြသခွင့်ရတဲ့အတွက်ကြောင့် ကလေးတွေအတွက် အများကြီးအကျိုးကျေးဇူးရရှိပါတယ်၊ စာအုပ်စာပေတွေကို ဖတ်ရှုခြင်းအားဖြင့် သူတို့ဘဝရဲ့တိုးတက်တဲ့ကောင်းမွန်သော အတွေးအခေါ် အကြံအစည်တွေရရှိလာမယ်လို့ မျှော်လင့်ပါတယ်။

ဦးမျိုးဝင်း(ဒုတိယကျောင်းအုပ်ကြီး) ပါရမီကိုယ်ပိုင်အထက်တန်းကျောင်း၊ မော်လမြိုင်မြို့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်လုပ်တာ ဆရာ့အနေနဲ့ဝမ်းသာပါတယ်၊ ကလေးတွေစာဖတ်အားနည်းနေတဲ့ခေတ်ကြီးထဲမှာ ကလေးတွေကို စာဖတ်ရှိန်မြှင့်တင်ပြီးတော့စာပေကို စိတ်ဝင်စားအောင်လုပ်ပေးတဲ့အတွက်ကြောင့် အလွန်အကျိုးရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်၊ စာအုပ်စာပေလူ့မိတ်ဆွေဆိုတာကို ကလေးတွေမေ့များမေ့နေလားမသိဘူး အွန်လိုင်းပေါ်မှာဖုန်းပဲသုံးနေကြလို့ စာအုပ်ကိုဖတ်စျေင်တယ်၊ ဒီလိုလေးလုပ်ခြင်းအားဖြင့် ကလေးတွေဟာ စာအုပ်စာပေကို စိတ်ဝင်စားလာမယ်၊ စာအုပ်စာပေကရရှိတဲ့ အသိပညာဗဟုသုတတွေကို ဖြစ်အောင်လုပ်ပေးတာ အလွန်ကောင်းမွန်တဲ့အစီအစဉ်လည်း ဖြစ်ပါတယ်။

မဆုဇာခြည်ဝင်း (ကျောင်းသူ)

အမှတ်() အခြေခံပညာအထက်တန်းကျောင်း၊ မော်လမြိုင်မြို့နယ် သမီးတို့မျိုးဆက်သစ်လူငယ်တွေ ကိုယ့်ရဲ့ကမ္ဘာကြီးကိုဘယ်လိုတီထွင်မလဲ၊ ဘယ်လိုမျိုးဆန်းသစ်ဖို့အတွက် သမီးတို့က စာဖတ်ဖို့လိုပါတယ်၊ စာဖတ်ဖို့အတွက်ဆို ဥပမာ သုတ၊ ရသတွေ ဖတ်ချင်တဲ့စာတွေကို ဖတ်ရတဲ့အတွက်ကြောင့် နောင်ကိုယ့်ရဲ့နိုင်ငံ၊ ကိုယ့်ရဲ့ကမ္ဘာကြီးကို ဘယ်လိုတီထွင်ဆန်းသစ်မလဲ ဆိုတာကိုလေ့လာခွင့်ရတယ်၊ စာအုပ်တွေကိုလည်း စျေးနှုန်းသက်သက်သာသာနဲ့ ရောင်းချပေးတာတွေကို တွေ့ရဲ့တဲ့အတွက် ဝမ်းသာပါတယ်၊ သမီးတို့လူငယ်တွေအတွက် စာပေတွေကိုပိုပြီးတော့ အားထားအောင်လုပ်ပေးတဲ့အတွက်ကြောင့် ကျေးဇူးအထူးတင်ရှိပါတယ်။

တွေ့ဆုံမေးမြန်း

စည်သူ (ပြန်/ဆက်)