တိုက်ကြီး ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် ရှမ်းနှစ် ၂၁၁၉ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့ နံနက်၉နာရီက ရှမ်းစုရပ်ကွက် ရှမ်းကျောင်းကြီးဘုန်းတော်ကြီးကျောင်း နှီးဘုရားကြီးဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူအောင်က အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရှမ်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းကျော်ထူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ မွန်စာပေနှင့်ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့ဝင်များနှင့် ဒေသခံ ရှမ်းတိုင်းရင်းသားတိုင်းရင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)