စဉ့်ကိုင်မြို့နယ်အတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

စဉ့်ကိုင် ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်(၁၆၇.၅၆)သန်းဖြင့် Winner Myanmarကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ကင်းလပ်-မြောက်တောကြီး-တအုံလမ်း (၀/၃.၆မိုင်) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ရန်ပုံငွေကျပ်(၁၃၇.၁၇)သန်းဖြင့် Asia Marn ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် မုန့်ပေါင်း-ဇော်ဂျီ-ရွာသစ်-ကန်ကြီးလမ်း (၀/၃မိုင်)ကွန်ကရစ်ခင်းခြင်းလုပ်ငန်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ယမန်နေ့ နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးလှခိုင်နှင့်အတူ ကျောက်ဆည်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်စန်းစန်းဝါ၊ မြို့နယ်တာဝန်ခံ ဒေါ်အိဇာထွေး၊ ကုမ္ပဏီမှတာဝန်ရှိသူများလိုက်ပါ၍   ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးလှခိုင်မှအဆိုပါကွန်ကရစ်လမ်း (၂)လမ်းအား သတ်မှတ်ချန်ကာလအတွင်းအမြန်ဆုံးပြီးစီးနိုင်ရေးနှင့် လုပ်ငန်းများအားလုံးအရည်အသွေးပြည်မီစွာဆောင်ရွက်ရေးတို့ကိုမှာကြားခဲ့ပြီး၊  ပြီးစီးမှုအခြေအနေများအားအသေးစိတ်ကြည်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)