မိတ္ထီလာမြို့နယ်တွင် စာဆိုတော်နေ့နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ စာဆိုတော်နေ့နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စာဆိုတော်နေ့ အခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်းမှပေးပို့သော ၁၃၈၆ ခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ် သဝဏ်လွှာအား မိတ္ထီလာမြို့နယ်စာရေးဆရာအသင်းမှ အတွင်းရေးမှူး စာရေးဆရာ ကြည်သိန်းဇော်က ဖတ်ကြားခဲ့သည်။ ၎င်းနောက် ခရိုင်ပညာရေးမှူး ဒေါ်မော်မော်နှင့် ထီလာလိပ်ဗျူးဟိုတယ်ပိုင်ရှင် ဦးသန်းစိုးတို့က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း နာယက စာရေးဆရာ ဘိုမျိူး(ရွှေဘို)က စာဆိုတော်နေ့အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂၄ ခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ကဗျာရေးစပ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ ခရိုင်ပညာရေးမှူး ဒေါ်မော်မော်၊ မိတ္ထီလာမြို့နယ်စာရေးဆရာအသင်းမှ အတွင်းရေးမှူး စာရေးဆရာ ကြည်သိန်းဇော်နှင့် တာဝန်ရှိသူများက ဆုမျာ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။         

သိန်းမြင့်ကျော်(မိတ္ထီလာ)