ကျောက်ဆည် ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဒီဇင်ဘာ(၁)ရက် နံနက်(၉) နာရီက အကြိမ်(၈၀)မြောက် မြန်မာနိုင်ငံစာဆိုတော်နေ့ သက်ကြီးစာရေးဆရာကြီးများအား ပူဇော်ကန်တော့ပွဲနှင့် အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရကျောင်းသား/ကျောင်းသူများအား ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်ဆည်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ကိုကိုဇော်(ကာတွန်း) ဖောင်းဖာင်းက သက်ကြီးစာရေးဆရာကြီးများအား ပူဇော်ကန်တော့ရခြင်း အကြောင်းများနှင့် စာစီစာကုံးပြိုင်ပွဲ၌ ဆုရွေးချယ်ခြင်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဦးအေးလင်းက ဆုရကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုစကားများပြောကြာင်းနှင့် စာရေးဆရာ အသင်းအတွင်းရေးမှူး ဦးသောင်းဝင်း သောင်းဝင်း(မြင်းခြံ)က မြန်မာနိုင်ငံစာရေးဆရာအသင်းဗဟိုဥက္ကဋ္ဌထံမှ ပေးပို့သော အကြိမ်(၈၀)မြောက် မြန်မာနိုင်ငံ စာဆိုတော်နေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး အကြိမ်(၈၀)မြောက် မြန်မာနိုင်ငံ စာဆိုတော်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ဆုများချီးမြှင့်ခဲ့ကာ စုပေါင်းမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး အသက်(၇၅)နှစ်နှင့်အထက် စာရေးဆရာကြီး/ဆရာမကြီးများအား ဝတ္ထုငွေများဖြင့် များဖြင့် ပူဇော်ကန်တော့ခဲ့ရာ ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းနာယက ဦးအောင်မြင့်က မုဒိတာစကားနှင့် ဆုတောင်းမေတ္တာစကားများ ပြန်လည်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)