သာစည် ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် တိရစ္ဆာန်(နွား၊ဆိတ်၊ဝက်)များ ပြန်လည်ထောက်ပံ့ပေးအပ်ခြင်းကို နိုဝင်ဘာ ၂၅ ရက်က စတင်၍ ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့က သီးကုန်းကျေးရွာ၊ ထူးတွင်းကျေးရွာနှင့် အုတ်တွင်းကျေးရွာတို့၌ ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်၌ သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် ကျေးရွာအုပ်စု(၈)အုပ်စုရှိ ကျေးရွာ(၁၄)ရွာတို့မှ ပိုင်ရှင် ၁၅၇ ဦးတို့၏ နွားကောင်ရေ ၄၄၆ ကောင်၊ပိုင်ရှင် ၃၉ ဦးတို့၏ သိုး/ဆိတ် ၁၄၀၆ ကောင်နှင့်ပိုင်ရှင် ၃၃ ဦးတို့၏ဝက် ၅၁ ကောင်တို့ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရပြီး အဆိုပါ ပျက်စီးဆုံးရှုံးခဲ့မှုများအား ပြည်သူများလက်ဝယ်အရောက် ပြန်လည်ထောက်ပံ့ပေးအပ်လျက်ရှိရာ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ကျေးရွာ(၇)ရွာမှ ပိုင်ရှင် ၃၃ ဦးတို့၏ဝက် ၅၁ ကောင်နှင့် ပိုင်ရှင် ၃၀ ဦးတို့၏ဆိတ် ၁၁၁၈ ကောင်၊ကျေးရွာ(၃)ရွာမှပိုင်ရှင် ၂၉ ဦးတို့၏ နွားကောင်ရေ ၄၈ ကောင်တို့ကို ထောက်ပံ့ပေးပြီးဖြစ်ကြောင်းနှင့် ကျန်ကျေးရွာများမှပျက်စီးမှုများအား အမြန်ဆုံး ပြန်လည်ထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြိုနယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါက်တာအောင်မိုးကျော်ထံက သိရသည်။
မြို့နယ် (ပြန်/ဆက်)