မြန်မာနိုင်ငံလူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်း၏ ၂၀၂၅-၂၀၂၇ သက်တမ်းကာလကော်မတီ အဆင့်ဆင့် ရွေးချယ်ပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာ ၃၀

မြန်မာနိုင်ငံလူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်း MRF -Young Entrepreneurs Society ၏ ၂၀၂၄ ခုနှစ် အထွေထွေညီလာခံနှင့် ၂၀၂၅-၂၀၂၇ သက်တမ်းကာလကော်မတီအဆင့်ဆင့်ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ ကျင်းပခဲ့သည်။

အဆိုပါအသင်းသည် ဆန်စပါးကဏ္ဍရှိအသင်းမျာအားလုံးတွင် သက်တမ်းအငယ်ဆုံးသောအသင်းတစ်ခုဖြစ်ပြီး ယခု ၂၀၂၄ ခုနှစ် (၇)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

၂၀၂၂-၂၀၂၄ သက်တမ်းကာလအတွင်းမှာ ဆန်စပါးအသင်းချုပ်၏ လမ်းညွှန်ချက်များဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများစွာကို လုပ်ဆောင်ခဲ့ပါကြောင်း၊ လုပ်ငန်းရှင်လူငယ်များအတွက် လိုအပ်သည့် ဆန်စပါးဆိုင်ရာကျွမ်းကျင်မှုများအတွက် ဆန်စပါးအရည်အသွေးစစ်ဆေးခြင်းဆိုင်ရာသင်တန်းများ ဆန်ပြည်တွင်းရောင်းချမှုဈေးကွက်သင်တန်း၊ ဆန်ပြည်ပတင်ပို့ရောင်းချမှုသင်တန်း၊ စီမံခန့်ခွဲမှုသင်တန်း၊ ပညာရပ်ဆိုင်ရာဟောပြောပွဲများကိုလည်းပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံလူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်ယမင်းနိုင်က ပြောသည်။

မြန်မာနိုင်ငံလူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်းအား၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် Supply Chain တစ်ခုလုံးတွင်ပါဝင်သည့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍသိုလှောင်ကြိတ်ခွဲရေးကဏ္ဍ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)