​​​​​​​မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် သားအိမ်ခေါင်းကင်ဆာနှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနား ကျင်းပ

မြစ်သား နိုဝင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် သားအိမ်ခေါင်းကင်ဆာနှင့် ဆုံဆို့၊ မေးခိုင် ရောဂါကာကွယ်ဆေးထိုးနှံခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း ကျန်စစ်သားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုက သားအိမ်ခေါင်းကင်ဆာ၊ ဆုံဆို့၊ မေးခိုင်ရောဂါနှင့်ပတ်သက်၍ ဖြစ်ပွားနိုင်သည့်လက္ခဏာ ကြိုတင်ကာကွယ်နိုင်ရေး၊ ကာကွယ်ဆေးထိုးခြင်းအားဖြင့် အကျိုးကျေးဇူးသက်ရောက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသူလေးများကို သားအိမ်ခေါင်းကင်ဆာ၊ ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။ ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာသို့ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက အဆိုပါ ဆေးထိုးနှံခြင်းအခမ်းအနားသို့ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်း၊ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲဝင်(၁) ဗိုလ်မှူးဘိုဘိုအောင်၊ မြစ်သားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်နှင့် ဆရာ၊ ဆရာမများ၊ ကာကွယ်ဆေးထိုးနှံသော ကျောင်းသူလေးများ  စုစုပေါင်းအင်အား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)