ဗိုလ်တထောင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲကျင်းပ

ဗိုလ်တထောင် နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလှိူင်မောင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ထို့နောက်ဗိုလ်တထောင်ခရိုင် စီမံအုပ်ခိုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂)ဦးဝင်းလှိုင်က လူငယ်နှင့်အားကစားဆိုင်ရာ ဗဟုသုတခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်မှ လူငယ်နှင့်ဗလငါးတန်သိမှတ်ဖွယ်ရာခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ ကျန်းမာရေးဦးစီးဌာန ဒေါက်တာဟေမာဇော်မှ လူငယ်နှင့်ကျန်းမာရေးသိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဌေးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်မြတ်ဆုမွန်မြတ်က လူငယ်နှင့်ပညာရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ အသီးသီးဟောပြောခဲ့ကြသည်။ 

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုလှိုက်မောင်နှင့် တာဝန်ရှိသူများတို့က အားကစားပစ္စည်းများကို  အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထိုအခမ်းအနားသို့  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဝင်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်၊ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးအောင်မိုးကျော်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဟေမာဇော်၊ မြို့နယ်မီးတပ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ကြကြောင်းနှင့်   Fetness Dance အကအဖွဲ့မှ တင်ဆက်က ပြကြပြီးဟောပြောပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရသည်။

ခင်ဝင်း  (ပြန်/ဆက်)