မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းဆောင်ရွက်

မိုးနဲ နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က မြို့နယ်အတွင်း သတင်းစီးဆင်းမှုအ‌ခြေအနေ ၊စိုက်ပျိုး‌ရေးနှင့်စပ်လျဉ်း၍  ထိခိုက်ပျက်စီးမှုအပေါ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လိုအပ်ချက်များကို စိစစ်တင်ပြရန်၊ ကျေးရွာအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ရန်လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ငန်းများအချိန်မီ ပြီးစီးရေး တွန်းအားပေးဆောင်ရွက်ကြရန်၊ လမ်း/ရပ်ကွက်/ မြို့သန့်ရှင်းသာယာရေး သက်ဆိုင်ရာဌာန၊ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြရန်၊ ဆီထွက်သီးနှံပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာများအနေဖြင့် ညှိနှိုင်းပေါင်းစပ်ပူးပေါင်း ဆောင်ရွက်ပေးရန်ရှိပါက ဆွေး‌နွေးပေးကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များက လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)