ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မိသားစုဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးကော်မတီဝင်အလှူရှင်များ စုပေါင်း၍ စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်) သို့ တစ်နေ့တာအာဟာရကျွေးမွေးခြင်း၊ ဆန်၊ အလှူငွေနှင့်အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်း

ဒဂုံအရှေ့  နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မိသားစုဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးကော်မတီဝင်အလှူရှင်များ စုပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)သို့ တစ်နေ့တာအာဟာရကျွေးမွေးခြင်း၊ ဆန်၊ အလှူငွေနှင့်အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို အဆိုပါဆေးရုံရှိ အပန်းဖြေခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဒေါ်နုနုဆွေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်မော်မော်သန်းမိသားစုမှ ဆန်နှင့်အသုံးအဆောင်ပစ္စည်းများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မိသားစုဝင်များမှ ထောက်ပံ့လှူဒါန်းငွေကျပ်သိန်း (၅၀)နှင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အလှူငွေ၊ ဆန်၊ အသုံးအဆောင်ပစ္စည်းများနှင့် တစ်နေ့တာအာဟာရကျွေးမွေးစရိတ်များ ပေးအပ်လှူဒါန်းခဲ့ရာ စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်)မှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်သန်းမွန်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ အလှူရှင်များက အလှူငွေ၊ ဆန်နှင့်အသုံးအဆောင်ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ရာ စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်) မှ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် အလှူရှင်များက လူနာများအား အသုံးဆောင်ပစ္စည်းများ လိုက်လံပေးအပ်ခဲ့သည်။

ယင်းနောက် စိတ်ကျန်းမာရေးဆေးရုံ(ရန်ကုန်)မှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်သန်းမွန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်) သို့ လှူဒါန်းသော အလှူငွေနှင့်အသုံးဆောင်ပစ္စည်းများ၏ စုစုပေါင်းလှူဒါန်းမှုတန်ဖိုးမှာ (၂၄၇) သိန်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊  အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အမျိုးသမီးကော်မတီဝင်အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)