အင်းစိန်မြို့နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန် နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် အားလျော်စွာ လူငယ်ဘဝကို အကျိုးရှိစွာ ဖြတ်သန်းရန်၊ အသိပညာဗဟုသုတ ပြည့်ဝစေရန်၊  ဗလငါးတန်ပြည့်ဝသည့်လူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)တို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက အင်းစိန်မြို့နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)၊ ပညာတံခွန်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ  အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦး ဘိုကြည်နှင့် အစိုးရ နည်းပညာအထက်တန်းကျောင်း(ရွာမ)၊ ကျောင်းအုပ်ဆရာကြီး ဦးဇေယျာအောင်တို့က အမှာ စကား အသီးသီးပြောကြားခဲ့ပြီးနောက် အဖွဲ့ဝင်(၂)ဦးဘိုကြည်က ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးဇေယျာအောင်မှ လက်ခံရယူ ခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်) ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က ဦးဆောင်၍ အစိုးရနည်းပညာ အထက်တန်းကျောင်း(ရွာမ)မှ မောင်နေဆန်းလင်းက လူငယ်နှင့်အလုပ်အကိုင် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်သော်ဇင်အောင်က လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မယမင်းသူထွေးက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမေမြင့်မြင့်သန့်ခင်က လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်း သူများက သိလိုသည်များကို ပြန်လည်၍ မေးခွန်းများ မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက  မေးခွန်းများ၏ ကဏ္ဍအလိုက် အသီးသီး ပြန်လည်ဖြေကြား ခဲ့ကြသည်။ ဆွေးနွေးပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင် (အင်းစိန်)ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)