မိတ္ထီလာ နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ပျော်ကုန်းခေတ်မီစံပြကျေးရွာတွင် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်က အဆိုပါကျေးရွာတွင် ကျင်းပခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိတ္ထီလာမြို့နယ်ရုံး၊ အပူပိုင်းစိမ်းလန်စိုပြေရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ မိမိတို့ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာသူ ကျေးရွာသားများအား မီးသတ်ဆေးဗူးဖြင့် လက်တွေ့မီးငြိမ်းသတ်ခြင်းကို သရုပ်ပြလေ့ကျင့်ပေးခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများသူနှင့် ပျော်ကုန်ခေတ်မီစံပြ ကျေးရွာမှ ကျေးရွာသူကျေးရွာသား ၂၁၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)