မိုင်းယောင်း နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကျင်းပခဲ့ရာ နံနက် ၉ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်/မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးများ စုစုပေါင်းအင်အား ၈၁ ဦးက (၁၁/၂၀၂၄)လအတွင်း ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် (၁၂/၂၀၂၄)လတွင် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများက(၁၁/၂၀၂၄)လအတွက် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) ကျင်းပပြုလုပ်သည်။
ထို့နောက် ညနေ ၄ နာရီတွင် ကုန်စျေးနှုန်းတည်ငြိမ်ရေး၊ တရားမဝင်ကုန်ပစ္စည်း တားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ် တရားမဝင် ကုန်ပစ္စည်းတားဆီးကာကွယ်ရေးအဖွဲ့ စုစုပေါင်းအင်အား ၁၈ ဦးဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)