မိုင်းတုံ-တာဆန်းသွား ဗေလီနှစ်လွှာတစ်ထပ်တံတား ပြန်လည်တည်ဆောက်လျက်ရှိ

မိုင်းတုံ နိုဝင်ဘာ  ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် မိုင်းတုံ-တာဆန်းသွားလမ်း၌ ဗေလီနှစ်လွှာတစ်ထပ်တံတား ပြန်လည်တည်ဆောက်လျက်ရှိကြောင်း တံတားအထူးအဖွဲ့(၁၂)မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ထိုသို့ တည်ဆောက်ခြင်းမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်‌နေ့ နံနက်ပိုင်းတွင် မိုးများအဆက် မပြက်သည်းထန်စွာရွာသွန်းမှုကြောင့်  နမ့်တုံချောင်းရေကြီးရေလျှံဖြစ်ပွားပြီး မိုင်းတုံ/တာဆန်းသွားလမ်းမပေါ်ရှိ ဗေလီတံတားနှင့်လမ်းချင်းဆက် ကတ္တာရာလမ်း‌ပါပြိုကျခဲ့မှုကို  ပြန်လည်ပြုပြင်တည်ဆောက်ခြင်းဖြစ်သည်။

ထိုသို့ပြန်လည်တည်ဆောက်နိုင်ရန် လမ်းအထူးဖွဲ့(၃)မှ ဦးဘော့ဒို(AE)ဦးစီး၍ ၂၀၂၄ ခုနှစ်၊‌ အောက်တိုဘာလတွင် မြေဖို့ခြင်းလုပ်ငန်းဆောင်ရွက်‌ခဲ့ပြီး ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလမှစ၍ ယခုအချိန်ထိ တံတားအထူးဖွဲ့(၁၂) ရွှေညောင်မှ ဒုတိယညွှန်ကြားရေးမှူးမြို့ပြ ဦးသန့်ဇင်၊ ဦးစီးအရာရှိ ဦးဇော်လတ်၊ အငယ်တန်း အင်ဂျင်နီယာ ဦးဝေရန်ထွန်းတို့ဦး‌စီး၍ ဗေလီနှစ်လွှာတစ်ထပ်တံတား(အရှည်(၉၀) ပေအကျယ်(၁၅)ပေ၊ အမြင့် (၁၀)ပေခွဲရှိ) စတင်တည်ဆောက်နေပြီးဖြစ်ပါကြောင်း တံတားအထူးဖွဲ့(၁၂) တည်ဆောက်ရေးတာဝန်ခံတစ်ဦးထံမှ သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)