ရှမ်းပြည်နယ်၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဌာနတို့ပူးပေါင်း၍ အသက်(၈၀)နှစ်အထက် အဘိုး/အဘွားများ၊ ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေ များပေးအပ်

တောင်ကြီး နိုင်ဝင်ဘာ ၂၉

ရှမ်းပြည်နယ်၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဌာနတို့ပူးပေါင်း၍ အသက်(၈၀)နှစ်နှင့်အထက်အဘိုး/အဘွားများ၊ မသန်စွမ်းသူနှင့် ကိုယ်ဝန်ဆောင်မိခင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထားထားဝင်းနှင့်အဖွဲ့ဝင်များက အသက်(၈၀)နှစ်နှင့်အထက် အဘိုး/အဘွား (၁၃)ဦး အတွက် တစ်ဦးလျှင် ကွေကာအုပ်(၁)ထုပ်၊ မျက်နှာသုတ်ပုဝါ(၁)ထည်၊ ကိတ်မှုန့်(၁)ဘူး၊ ခံတွင်းသန့် ဆေးရည်(၁)ဗူး၊ ငွေကျပ်(၂၀,၀၀၀)စီ၊ ကိုယ်ဝန်ဆောင်မိခင် (၃) ဦးအား တစ်ဦးလျှင် ကြက်ဥ(၁၀)လုံး၊ ငှက်ပျောသီး (၁)ဖီး၊ အိုင်အိုဒင်းဆား(၁)ထုပ်၊ လုံချည်(၁)ထည်၊ ငွေကျပ် (၂၀,၀၀၀)နှင့် မသန်းစွမ်းသူ (၁)ဦးအတွက် အိုဗာတင်း (၁)ဘူး၊ ကိတ်မှုန့်(၁)ဘူး၊ ကြက်ဥ(၁၀)လုံး၊ မျက်နှာသုတ်ပုဝါ(၁)ထည်၊ ငွေကျပ် (၃၀,၀၀၀)တို့အား ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာခင်မိုးလှိုင်နှင့် ဒေါက်တာဝင်းဝင်းခိုင်တို့က ဆီးချိုရောဂါ၊ သွေးတိုးရောဂါအကြောင်း အသိပညာပေးဟောပြော၍ သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်ပေးပြီး ရှမ်းပြည်နယ်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထားထားဝင်းက အခြေခံပညာအထက်တန်းကျောင်း၊ ဖာမွန်းသို့သွားရောက်၍ ကျောင်းသား/ကျောင်းသူများအတွက် ဗာလစာအုပ် (၁၀၀) ဒါဇင်အား ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာစိုးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်