နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော် အားကစားသမား များ၏ တည်းခိုဆောင်များတွင် သွားရောက်တွေ့ဆုံအားပေး

နေပြည်တော် နိုဝင်ဘာ ၂၈

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေးစခန်း(ရွာတော်)သို့သွားရောက်၍ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်မှ ခရစ်ကတ်၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ ဂျူဒို၊ ပြေးခုန်ပစ်၊ ဗိုဗီနမ်နှင့် ဝူရှူးအားကစားနည်းအလိုက် အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ၏ တည်းခိုဆောင်များတွင် တွေ့ဆုံအားပေးသည်။

တွေ့ဆုံစဉ် အားကစားနည်းအလိုက် အုပ်ချုပ်သူ၊ နည်းပြများက လက်ရှိတည်းခိုနေထိုင်မှု အခြေအနေနှင့် အားကစားနည်းအလိုက် လေ့ကျင့်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင်များ အားကစားနည်းအလိုက် နည်းစနစ်တကျ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်ထားကြစေလိုကြောင်း၊ အားကစားနည်းအလိုက် အားကစားစိတ်ဓာတ်အပြည့်ဖြင့် စည်းကမ်းသတ်မှတ်ချက်များလိုက်နာ၍ ရေကုန်ရေခမ်း အားထုတ်ကြိုးပမ်း ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြိုင်ပွဲတိုင်းတွင်အနိုင်ရရှိပြီး နေပြည်တော်ဂုဏ်ကို မြှင့်တင်ပေးနိုင်အောင် စွမ်းစွမ်းတမံ ကြိုးစားသွား ကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်များက အားကစားသမားများအား ထောက်ပံ့ငွေများနှင့် အာဟာရဖြည့် အစားအစာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)