မိတ္ထီလာ နိုဝင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ခရိုင်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူးနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ယနေ့နံနက် ၁ဝ နာရီအချိန်က ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် အဆိုပါဦးစီးဌာနမှဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ မီးလောင်မှုဖြစ်ပွားသည့် အကြောင်းအရင်းများနှင့် မီးငြှိမ်းသတ်ခြင်းနည်းစနစ်များ စသည်တို့ကို ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်း အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဝန်ထမ်းများအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းနှင့် ကိုယ်တိုင်ပါဝင်လက်တွေ့ငြှိမ်းသတ်စေခြင်းများကို ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ