ဘီးလင်း နိုဝင်ဘာ ၂၈
မွန်ပြည်နယ် ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက် မင်္ဂလာစျေးအတွင်း သွားရောက်စစ်ဆေးခဲ့ကြသည်။
အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်လင်းဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးသီဟ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ရန်နိုင်စိုးနှင့် တာဝန်ရှိသူအသီးသီးတို့က စျေးဆိုင်များအတွင်းထားရှိသော မီးသတ်ဆေးဘူးများ ကောင်း၊ မကောင်း စစ်ဆေးခြင်း၊ မီးလောင်မှုမဖြစ်ပွားအောင် မီးအသုံးပြုပုံများကို အသိပညာပေးပြောကြားခြင်း၊ မီးဘေးလုံခြုံရေးများစစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)