မိုင်းခတ် နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးခိုးမြူငွေ့လျှော့ချရေး၊ လေထုညစ်ညမ်းမှုလျှော့ချရေးနှင့် သစ်တောသစ်ပင်များမှရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းကာ(အရှေ့)ကျေးရွာအုပ်စု၊ ပန်နော်လောင်းကျေးရွာ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှတာဝန်ခံတောအုပ် ဦးအောင်မိုးထွေးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ စခန်းတာဝန်ခံဦးစိုင်းဇင်ကိုလတ်တို့ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းရည်ရွယ်ချက်များအကြောင်း၊ မီးခိုးမြူငွေ့များတွင်ပါဝင်သော လေထုညစ်ညမ်းစေသည့်အရာများ၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်း၍ ဖြစ်ပွားစေနိုင်သော ဆိုးကျိုးများအကြောင်း၊ မီးခိုးမြူငွေ့ဖြစ်ပေါ်လာရသည့်အချက်များ မီးခိုးမြူငွေ့အမျိုးအစားများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ Fire Hotspot များ၏အကြောင်းရင်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းကြောင့် ရာသီဥတုကောင်းမွန်လာစေခြင်းအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)