အမှတ်(၅) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌  Steel Structure စာသင်ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ပေး

ကျောက်ဆည် နိုဝင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ အမှတ်(၅) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင်(၆၀x၃၀)ပေ Steel Structure  စာသင်ကျောင်းဆောင်အသစ် (၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

အမှတ်(၅)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် KG တန်း၌ ကျောင်းသား/ကျောင်းသူ(၂၅)ဦး၊ Grade-1 အတန်း၌ (၂၇)ဦး၊ Grade-2 အတန်း၌ (၄၃)ဦး၊ Grade-3 အတန်း၌ (၄၈)ဦး၊ Grade-4 အတန်း၌(၂၇)ဦး၊ Grade-5 အတန်း၌(၁၇)ဦး၊ Grade-6 အတန်း၌(၁၅)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၈၇)ဦးအား ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ/ဆရာမ(၁၁)ဦးမှ တာဝန်ယူ၍ ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။

အသစ်ဆောက်လုပ်ပေးသာ (၆၀x၃၀)ပေ Steel Structure  စာသင်ကျောင်းဆောင်အသစ်အား နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေ(၃၃၃.၁၀၉)ကျပ်သန်း အကုန်အကျခံကာ အောင်ကျော်မျိုးဇံ ဆောက်လုပ်ရေးကုမ္မဏီမှ တာဝန်ယူကာ ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်းနှင့် အဆိုပါကျောင်းသည် ဘောဂဝတီအုပ်စု၊ ပေါက်တောရပ်ကွက်တွင်တည်ရှိပြီး ၁၉၅၀ ခုနှစ်၊ ဇွန်(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အကျယ်အဝန်းအားဖြင့် အလျား(၁၃၀)ပေ၊ အနံ(၉၀)ပေ၊ ဧရိယာ(၀.၂၇)ဧက ကျယ်ဝန်းကြောင်း  သိရသည်။

သက်မောင်(ကျောက်ဆည်)