လယ်ဝေး နိုဝင်ဘာ ၂၈
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club နှင့် စာပေဝါသနာရှင် ကျောင်းသား ကျောင်းသူလေးများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝေကြည်စန်းအောင်က စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှုပိုမိုရရှိစေရေး ရည်ရွယ်ကာ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် Bopk Club အသင်းဥက္ကဋ္ဌ စာရေးဆရာမ ခင်လယ်လယ်ချစ်နှင့် အသင်းဝင်များ၊ စာပေဝါသနာရှင်လူငယ်လေးများက မိုးပန်းမွန်(ရာမည)ရေးသားသည့် ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ် စာအုပ်အားဖတ်ရှု၍ မိမိတို့၏အမြင်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အိအိငြိမ်းဖြူ(ပြန်/ဆက်)