မိုးနဲမြို့နယ်၌ ဆောင်းပဲပုပ်(ဆီထွက်သီးနှံ) မျိုးစေ့ထုတ် စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုနှင့် ပိုးမွှားကျရောက်မှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်

မိုးနဲ နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ထားသော ကွန်နားကျေးရွာအုပ်စု၊ လွယ်လင်းကျေးရွာ တောင်သူ နန်းစံဟွမ်၏ ဆောင်းပဲပုပ် (ဆီထွက်)မျိုးစေ့ထုတ် စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုနှင့် ပိုးမွှားကျရောက်မှုမရှိစေရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက် ၈ နာရီအချိန်တွင်း ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦး‌စီးမှူး ဦးဇော်မော်ဦးနှင့် ဝန်ထမ်းများက စိုက်ခင်းအတွင်း ပိုးမွှားကျရောက်မှု မရှိ‌စေရေး စစ်ဆေးခြင်းနှင့် ပေါင်းမြက်ရှင်းလင်းခြင်းတို့ကို တောင်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သော သွင်းအားစုနှင့် နည်ပညာများ‌ ဖြန့်ဖြူးပေးခြင်တို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်အတွင်း ယခုနှစ်ဆောင်းရာသီတွင် ဆီပဲပုပ်အပါအဝင် စိုက်ပျိုးရန်လျာထားဧက (၁၈၀၉) ဧကရှိပြီး ယနေ့အထိ စိုက်ပျိုးပြီးဧက (၄၂၀) ဧကစိုက်ပျိုးထားပြီးဖြစ်ကြောင်းနှင့် သီးနှံစိုက်စွမ်းအားများ တိုးတက်လာရန်အတွက် ပဲပုပ်ကို ပိုမိုတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)