မိုင်းဖြတ် နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စဥ်ဆက်ပညာရေးလုပ်ငန်းကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အ.မ.က(နားလီး)စာသင်ဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စာသင်ကြားနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုအားပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးချမ်းမျိုး၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ညွန့်နှင့်တာဝန်ရှိသူများက အ.မ.က(နားလီး)စာသင်ဝိုင်းတွင် စာသင်သားများ စဥ်ဆက်ပညာရေးသင်ကြားနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး အချိုရည်နှင့် မုန့်များပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်တွင်း စဥ်ဆက်ပညာရေးလုပ်ငန်းကို ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၈ရက်နေ့မှစ၍ ရက်ပေါင်း (၉၀) ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ကျေးရွာ(၁၃)ရွာမှ စာသင်ဝိုင်း (၂၀)တွင် စာသင်သား(၂၅၁)ဦးတို့ဖြင့် နေ့စဥ်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)