ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မိုင်းဆတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ ‌အေရိုးဗစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မိုင်းဆတ် နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ်၊ မိုင်းဆတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ ‌အေရိုးဗစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၂)နာရီက မိုင်းဆတ်မြို့ အောင်ဇေယျဘက်စုံအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ  အဆိုပါအခမ်းအနားသို့ အမှတ်(၁၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊‌ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး တင်ထွန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊မြို့မိမြို့ဖများ၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြိုင်ပွဲဝင်အားကစားအသင်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေ့ဦးစွာ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားကွင်းအတွင်း သတ်မှတ်နေရာယူပြီး မိုင်းဆတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်မိန့်ခွန်းပြောကြားကာ  အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ပြိုင်ပွဲဝင်အသင်းများအား တာဝန်ရှိသူများနှင့် ဧည့်သည်တော်များက လိုက်လံနှုတ်ဆက်ခဲ့ကြ‌ကြေင်း သိရသည်။

ထို့နောက် မိုင်းဆတ် Exercise is Medicine Team မှ Fitness Dance ဖြင့်လည်းကောင်း၊ အ‌ခြေခံပညာကျောင်းများမှ ကျောင်းသူလေးများက အေရိုးဗစ်အကြီးတန်း (၄၆)ကွက်နှင့် “ထာဝရသစ္စာ” သီချင်းတို့ဖြင့်လည်းကောင်း သရုပ်ပြဖျော်ဖြေခဲ့ကြ‌ပြီး ဘောလုံး (ကျား) အားကစားပြိုင်ပွဲအား ဆက်လက်ကျင်းပရာ မိုင်းဆတ်မြို့၊ အ‌ခြေခံပညာအထက်တန်းကျောင်းအသင်းနှင့် အ.ထ.က(ခွဲ) (၂‌)ကျောင်းအသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဘောလုံး(ကျား)ပြိုင်ပွဲအား ပြိုင်ပွဲဝင်အသင်း (၆) သင်းဖြင့် (၂၃-၁၁-၂၀၂၄) ရက်နေ့မှ (၄-၁၂-၂၀၂၄) ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)