လယ်ဝေးမြို့နယ်၊ ပန်းတင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

လယ်ဝေး နိုဝင်ဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်များ စာပေဖတ်ရှုမှုတိုးတက်မြင့်မားလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပန်းတင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ  လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်အား ကျောင်းသား၊ ကျောင်းသူလူငယ်လေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အိအိငြိမ်းဖြူ(ပြန်/ဆက်)