ညောင်ဦး နိုဝင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း Plan Internatio -nal Myanmar နှင့် Bagan Plastic Campaigm ပူးပေါင်း၍ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ (၂၀)တို့တွင် နိုဝင်ဘာ ၁ ရက်နေ့မှစတင်ကာ ရာသီဥတုပြောင်းလဲခြင်းနှင့်ကျေး လက်အမှိုက်စီမံခန့်ခွဲမှုအသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Plan International Myanmar နှင့် Bagan Plastic Campaigm ပူးပေါင်း၍ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများ ပလတ်စတစ်သုံးစွဲမှုကြောင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်ပျက်စီးမှုများ၊ ပလတ်စတစ်၏ဆိုးကျိုးများအား Bagan Plastic Campaigm အဖွဲ့မှ Projeter Powerpoint ဖြင့်ရှင်းများခြင်း၊ စက်ရုံများနှင့် လူတို့အသုံးပြုစွန့်ပစ်သည့် အမှိုက်များကြောင့် ပလယ်ရေအောက်နေ သတ္တဝါများ၊ မြစ်ချောင်းများအတွင်းစွန့်ပစ်မှုကြောင့် မြစ်တွင်းနေသတ္တဝါများ သေကျေပျက်စီးမှုများအား ဗွီဒီယိုများပြသ၍ပညာပေး ဆွေးနွေးကြကာ ကျေးလက်နေပြည်သူများက ပလတ်စတစ်၏ဆိုးကျိုးနှင့်အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေးနှင့် ပလတ်စတစ် သုံးစွဲမှုလျော့ချရေးတို့အတွက် အပြန်အလှန် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ဒီပါလင်း