မိတ္ထီလာမြို့နယ် စက်ပစ်တောင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်​

မိတ္ထီလာ နိုဝင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် စက်ပစ်တောင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ဖြင့် ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် စက်ပစ်တောင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် စက်ပစ်တောင်ကျေးရွာ၌ အရှည် ၆၆၀ပေ ၊ အကျယ် ၁၂ပေ ၊ ထု ၆ လက်မရှိ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ်(၁၅)သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေ ကျပ်(၅.၇၀)သန်း၊ စုစုပေါင်း ငွေကျပ် (၂၀.၇၀)သန်းဖြင့် စက်ပစ်တောင်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့၏ ဦးဆောင်မှုဖြင့် ယခုနှစ် ဩဂုတ်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။ ၎င်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက စက်ပစ်တောင်ကျေးရွာ ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် အတူ   ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

အဆိုပါ ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အကျိုးပြု အိမ်ခြေ (၂၂၉)၊ အကျိုးပြုလူဦးရေ (၁၂၁၂)ဦးတို့အတွက် ပညာရေး၊ ကျန်းမာရေး၊ လူနေမှု အဆင့်အတန်းနှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)