ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဒေသအဆင့်အခြေခံပညာမူလတန်းအဆင့် Grade - 5 နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade - 9 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

ပင်းတယ နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း "မြတ်ရတနာ" ခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဒေသအဆင့် အခြေခံပညာမူလတန်းအဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade -9 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိဘဆရာအသင်းနှင့်ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ (ထက်၊လယ်၊မူ) ကျောင်းအုပ်ဆရာ/ဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။

 ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ကျွန်တော်တို့နိုင်ငံတော်အနေဖြင့် လွန်ခဲ့သောဆယ်စုနှစ်မှစပြီး ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေး ဦးစားပေးအနေဖြင့် သတ်မှတ်ထားရှိသည့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းကို အခြေခံမူများနယ်ပယ်(၉)ရပ်နှင့် ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပြီး၊ ကျောင်းသားလူငယ်များနှင့်အရွယ်ရောက်လာသူများ ဘဝတစ်သက်တာ ပညာသင်ယူမှုရရှိနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်ပြီး အမျိုးသားပညာရေးစနစ်ကို အဓိကထားပြောင်းလဲပေးတဲ့နေရာမှာ အရည်အသွေးနှင့်သာတူညီမျှရှိပြီး ကလေးများနှင့်လိုက်လျောညီထွေမှုရှိသောပညာရေးစနစ်မှာ တီထွင်ဖန်တီးတတ်သော၊ ပြသာနာကိုဖြေရှင်းတတ်သော နိုင်ငံ့သားကောင်းသမီးငယ်များ ပညာပြည့်ဝနှလုံးလှအသုံးကျသူများကို လေ့ကျင့်ပျိုးထောင်မွေးထုတ်ပေးဖို့ အားလုံးဝိုင်းဝန်းကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် ကျောင်းသား/‌ကျောင်းသူများအား ဘက်စုံပညာဖွံ့ဖြိုးသော စည်းကမ်းရှိသော၊ အမျိုးဘာသာသာသနာကို စောင့်ရှောက်သော၊ နိုင်ငံတော်ကိုချစ်မြတ်နိုးသည့် နိုင်ငံသားကောင်းများဖြစ်အောင်၊ အခြေခံပညာကျောင်းများမှ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုတဲ့ ဗလငါးတန်ပြည့်စုံသည့် ကျောင်းသား/ကျောင်းသူများပေါ်ထွက်လာစေရန် ဆရာ/ဆရာမများက ကျောင်းသားမိဘများနှင့် ပူးပေါင်းကာ သားသမီများကျောင်းနေမြဲ၍ ကျန်းမာပျော်ရွှင်စေရေးအလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် ရပ်ရွာလူ့အဖွဲ့အစည်းများကလည်း ကျောင်းသား/ကျောင်းသူများ ငြိမ်းချမ်းစွာပညာသင်ကြားနိုင်ရေးနှင့် ကျောင်းအဖက်ဖက်မှ တိုးတက်ရေ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထိုနောက် ရှမ်းပြည်နယ်၊ ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးနှင့်တောင်ကြီးမြို့မှ အလယ်တန်းပြ ကျောင်းဆရာ/ဆရာမများ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ မူလတန်းကျောင်းအုပ်ဆရာ/ဆရာမများက သက်ဆိုင်ရာဘာသာရပ်အလိုက် စာမေးပွဲဆိုင်ရာအလုပ်ရုံဆွေး‌နွေးပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်းသိရပြီး၊ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပင်းတယမြို့နှင် ရွာငံမြို့တို့မှ ကျောင်းအုပ်ဆရာ/ဆရာမ စုစုပေါင်း (၂၃၈)ဦးတက်ရောက်ခဲ့ကြောင်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေနဲ့ ယခုပညာသင်နှစ်တွင် Grade-5 မှာ စာစစ်ဌာန(၃၃)ခု၊ ကျောင်းသား/ကျောင်းသူ (၂၈၇၉) ဦးနှင့် Grade-9 မှ စာစစ်ဌာန (၁၀) ခုတွင် ကျောင်းသား/ကျောင်းသူ (၁၉၁၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)