မင်္ဂလာတောင်ညွန့် နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြိုနယ် အတွင်းရှိပုသိမ်ညွန့်ရပ်ကွက်၊ ကူးတို့ဆိပ်ရပ်ကွက်နှင့်မလွှကုန်းမီး ရထားရပ်ကွက်တို့တွင် ယနေ့ နံနက်ပိုင်းက ကြက်ဥများကိုဈေးနှုန်း ချိုသာစွာဖြင့် လာရောက်ရောင်းချပေးခဲ့ပါသည်။
ထိုသို့ ရောင်းချရာတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၃၈၀ နှုန်းဖြင့် တစ်ဦးလျှင် ၁၀လုံး ရောင်းချပေးခဲ့ပါသည်။
အဆိုပါ ရောင်းချနေမှုကိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရှိရပါသည်။
မြို့နယ် (ပြန်/ဆက်)