မော်လမြိုင်ကျွန်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး၊ ဆုံဆို့၊ မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

မော်လမြိုင်ကျွန်း၊ နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးဌာနသည် နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက်(၁၀) နာရီအချိန်တွင် ချမ်းမြေ့ (အ.မ.က) နှင့်မင်းကျောင်း (အ.မ.က) တို့တွင် ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေး (DT)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ဆောင်ရွက်ပါသည်။

ထို့သို့ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းလွင်၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာစန်းဝင်း ၊အခြေခံပညာဦးစီးဌာနမြို့နယ်ပညာ ရေးမှူးဦးမင်းမင်းထွန်းနှင့် မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက တက်ရောက်ကြည့်ရှုအားပေး၍ ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ထိုးနှံရန်ကျန်ရှိ သောကျောင်းများအား ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းများအား ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)