သင်္ဃန်းကျွန်းမြို့နယ်တွင် သတင်းရေးသားနည်း သင်တန်းဖွင့်လှစ်

ရန်ကုန် နို၀င်ဘာ ၂၇

ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားပြီး အရည်အသွေးပြည့်မီသော သတင်း‌ကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို နိုဝင်ဘာ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

သင်တန်း ဖွင့်လှစ်ပို့ချရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်လှလှနွယ်က အခြေခံသတင်းစာပညာ၊ သတင်းထုတ်ပြန်ချက်နှင့် စာနယ်ဇင်း ဆိုင်ရာ ကျင့်ဝတ်များကိုလည်းကောင်း၊ တာမွေမြို့နယ်ရုံးမှ ဓာတ်ပုံကျွမ်းကျင်-၂ ဦးနိုင်လင်းအောင်က ဝေါဟာရရှင်းလင်းချက်၊ အချက်အလက်စုဆောင်းခြင်းနှင့် သတင်းရေးသားခြင်းကိုလည်းကောင်း၊ “ဘ” ခြောက်လုံးဖြင့် အခြေခံသတင်းရေးသားနည်း၊ သတင်းဓာတ်ပုံနှင့် ကျင့်ဝတ်ဆိုင်ရာများ စသည့်အကြောင်းအရာများကို ပြန်လည် မျှဝေပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။

အဆိုပါသင်တန်းကို နို၀င်ဘာ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်ရုံးများမှ ဝန်ထမ်းငယ် (၁၄) ဦးအား သင်တန်းကာလ (၃)ရက်ကြာ ဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သူရိန် (ပြန်/ဆက်)