မှော်ဘီ၊ နိုဝင်ဘာ၊ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၂-၁၁-၂၀၂၄ ရက်နေ့နံနက် (၇)နာရီတွင် မှော်ဘီအမှတ် ၄ လမ်းဆုံတွင် မှော်ဘီတပ်ဖွဲ့စုမှူး ဒုရဲမှူးဝင်းအောင် ဦးစီးအဖွဲ့(၅)ဦးနှင့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းဦးပါ ၄ ဦးတို့မှ ဆိုင်ကယ်(၁၅၀)စီးအား ယနေ့နံနက်(၉)နာရီအချိန်တွင် မှော်ဘီမြို့နယ် မြို့ချောင်းတိုးဂိတ်အနီး ပြည်လမ်းမဘေးတွင် ယာဉ်ထိန်းတပ်ဖွဲ့စု ၆၄ မှော်ဘီမှဒုရဲအုပ် ဆန်းလင်းဦးစီးတပ်ဖွဲ့ဝင်(၃)ဦးတို့မှ ဆိုင်ကယ်စီးနင်းသူ(၂၀)ဦးတို့အား ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း ပညာပေးခြင်းတို့အား ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မှော်ဘီယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးဝင်းအောင်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့စု ၆၄ မှော်ဘီမှ ဒုရဲအုပ်ဆန်းလင်းဦးတို့မှ ဆိုင်ကယ်စီးရာတွင် ဦးထုပ်ဆောင်းရန်နှင့် ဆိုင်ကယ်စီးနင်းရာတွင်လဲ နှစ်ဦးထက်ပို၍ မစီးရန်၊ ဆိုင်ကယ်မောင်းသူနှင့် စီးနင်းသူနှစ်ဦးစလုံး ဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊ ဆိုင်ကယ်မောင်းနေစဉ် လက်ကိုင်ဖုန်းများ မပြောရန်၊ ဆိုင်ကယ်မောင်းရာ တွင်တစ်ဦးနဲ့ တစ်ဦးပြိုင်မမောင်းရန်၊ မိုးရွာသွန်းမှုများနေလျှင်လည်း ဖြည်းညင်းစွာမောင်းနှင်ကြရန်၊ မြို့တွင်း၊ မြို့ပြင် အရှိန်ပြင်းမမောင်းရန်၊ အရက်သေစာသောက်စားခြင်းမပြုရန်နှင့် အရှိန်ပြင်းစွာမ မောင်းကျရန် မှာကြားဆောင် ရွက်ခဲ့သည်။
ထိုနောက်မှော်ဘီအမှတ် ၄ လမ်းဆုံ ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးဝင်အောင်ဦးစီးအဖွဲ့များနှင့် မှော်ဘီမြို့ ချောင်းတိုးဂိတ် ယာဉ်ထိန်းတပ်ဖွဲ့စု ၆၄ မှ ဒုရဲအုပ်ဆန်းလင်းဦးစီး(၃)ဦးတို့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ပြောကြားခဲ့ပြီး ယာဉ်/ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များအား ဆိုင်ကယ်စီးနင်းသူများကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဝင်းဇော်(ပြန်/ဆက်)