မှော်ဘီ နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သော လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ၂၂-၁၁-၂၀၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီက မြန်မာ့ဆန်စပါးသုတေသနရုံးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အလုပ်သမား ညွှန်ကြားရေးမှူးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရ သင်တန်းသားများအား ဆုများအသီး သီးချီးမြှင့်၍ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲသို့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာနညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ဝေမိုးအောင်၊ အဖွဲ့ဝင်(၂)ဦးထင်ကျော်၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်စုံကျော်၊ မှော်ဘီမြို့နယ် ဒု-အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဝင်းဇော်(မှော်ဘီ)