ဒေါပုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဒေါပုံ နိုဝင်ဘာ ၂၇

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာ ဖတ်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် () အခြေခံပညာအထက်တန်းကျောင်း၊ ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုကာ အခမ်းအနားကိုဖွင့်လှစ်ခဲ့ ပါသည်။ ဆက်လက်၍ ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်က ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခဲ့ပါသည်။

ထို့နောက် ဒေါပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ထက်၊ လယ်၊ မူအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု အသီးသီးရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ () ဦးတို့အား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပါသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အမျိုးသားအောင်ပွဲနေ့ နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများအား တက်ရောက်လာသူများက ကြည့်ရှု့လေ့လာခဲ့ကြပြီး (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)