ဝမ်းတွင်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

ဝမ်းတွင်း နိုဝင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့ နံနက်ပိုင်းက Grade Star တည်းခိုးခန်းဝန်း၌ ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းက မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းဆွေးနွေး ခဲ့သည်။ ထို့နောက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ဒုတိယမီးသတ်ဦးစီးမှူး ဦးစည်သူငွေစိုးက မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာများကို ဆွေးနွေးဟောပြောခြင်း၊ မီးငြှိမ်းသတ်ယာဥ်ဖြင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အဆောက်အဦအတွင်း/အပြင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုက်လံစစ်ဆေးအကြံပြုခြင်း၊ မီးသတ်ယာဥ် အဝင်/အထွက်လမ်းများအား စစ်ဆေးခြင်း၊ အရေးပေါ်ရေ ရရှိမည့် နေရာများအား လိုက်လံစစ်ဆေးအကြံပြုခြင်းနှင့် အ​ရေးပေါ် တယ်လီဖုန်းနံပါတ်ပါ ဗီနှိုင်း၊ ပိုစတာများကပ်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီး ပြည်သူများမှ လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှူဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းနှင့် တပ်ဖွဲ့ဝင်များ၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှူဦးစီးဌာန  ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ​အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးများနှင့် ပြည်သူများ၊ မြို့နယ်အတွင်းရှိ တည်းခိုခန်းတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)