မိုင်းပန် နိုင်ဝင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဈေးနှုန်းသင့်စွာဖြင့် စားသုံးကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ၊ ဆေးဆိုင်များနှင့် စက်သုံးဆီအရောင်းဆိုင်များသို့ ယမန်နေ့ ညနေ ၃ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့် ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ အမှုဆောင်အရာရှိ ဦးသန်းဇော်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ၊ ဆေးဆိုင်များနှင့် စက်သုံးဆီအရောင်းဆိုင်များတွင် စားသုံးကုန်ပစ္စည်းများ သတ်မှတ်ဈေးထက်ကျော်လွန်၍ ရောင်းချခြင်း ရှိ/မရှိ၊ ယစ်မျိုးလိုင်စင်များနှင့် ဆေးဆိုင်များတွင် ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)