သံဖြူဇရပ်မြို့နယ် အမှတ်(၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ်(၇)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

သံဖြူဇရပ် နိုဝင်ဘာ ၂၇

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ယမန်နေ့နံနက်ပိုင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း၊ အမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပရာ သင်တန်းဖွင့်ပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့အတွင်း​ရေးမှူး၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး၊ အရှေ့တောင်တိုင်းတိုင်းစစ်ဌာနချုပ်(တိုင်းဦးစီးချုပ်)၊ သံဖြူဇရပ်တပ်နယ်မှ တပ်နယ်မှူးနှင့် အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာအမှတ်(၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦးက သင်​တန်းဖွင့် မိန့်ခွန်းပြောကြားပြီး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက သင်တန်းသားများအား တွေ့ဆုံ၍အားပေးစကား​ ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)